နေပြည်တော် ဒီဇင်ဘာ ၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ်
ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ပြီးစီးမှုနှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်မည့် အစီအစဉ်များကို
ရှင်းလင်းတင်ပြသည်။
ထို့နောက်
အမျိုးသားကင်ဆာရောဂါကုသရေးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာကြည်လွင်က အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်နေသည့်
အခြေအနေများကို တင်ပြပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက လုပ်ငန်း
ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို
ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး ကင်ဆာရောဂါဝေဒနာရှင်များ အကျိုးငှာသတ်မှတ်ချိန်အတွင်း
စီမံကိန်းပြီးစီးရန် အင်အားပြည့်ဆောင်ရွက်စေလိုပါကြောင်း၊ ကုသရေးနှင့်
ဆောက်လုပ်ရေးဆိုင်ရာ အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့်
စိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရေးအတွက် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်ရာတွင်
မြင်နေကျဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသောပုံစံကို ဆေးပညာရှင်များ၊
အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း
မှာကြားသည်။
ယင်းနောက်
ခေတ်မီကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့် ဓာတ်ရောင်ခြည်ကုသမှု
ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စက်အသစ်တစ်လုံးတပ်ဆင်မည့်နေရာ၊ ဆောက်လက်စအဆောက်အအုံတည်ဆောက်နေသည့်
လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး Landscaping နှင့် ဆေးကုသဆောင်များ ဖွဲ့စည်းမှုတို့ကို
ကြည့်ရှုစစ်ဆေးသည်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို
နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့်
ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူကာ
ဆက်လက်ဆောက်လုပ်လျက်ရှိပြီး အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက်သုံးလုံးဖြင့်
တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်ကို ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်ပေးလျက်ရှိပြီး
လူနာများ သွားလာရေးနှင့် စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
ဆေးရုံကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
%23.jpg)
No comments:
Post a Comment