နေပြည်တော် ဒီဇင်ဘာ ၂၅
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီအောက်ရှိ ဒစ်ဂျစ်တယ် စီးပွားရေးအခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမရုံးအမှတ်(၂)၌ ကျင်းပသည်။
ဦးစွာ ဒစ်ဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် Living Document အဖြစ် ထုတ်ပြန်ပြီးဖြစ်သည့် မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ (၂၀၃၀)ပါ ဒစ်ဂျစ်တယ်စီးပွားရေး
အစည်းအဝေးသို့ ဒစ်ဂျစ်တယ် စီးပွားရေး အခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် Myanmar Digital Economy Association တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment