နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာ-လာအို ချစ်ကြည်ရေးအသင်း တာချီလိတ်ရုံးခွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်မြို့၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
အခမ်းအနားတွင် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖများ၊ ဒေသတွင်းလုပ်ငန်းရှင်များက ရုံးခွဲကို
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ
ဦးဝင်းမောင်က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားပြီး တာချီလိတ် မြို့မိမြို့ဖ
ဦးထွန်းနေဦးက ဝမ်းမြောက်စကားပြောကြားသည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသည်
နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်းလုပ်သားများ တရားဝင်မှုနှင့်
အခွင့်အရေး၊ ကူးသန်းရောင်းဝယ်ရေး၊ နှစ်နိုင်ငံလူငယ်များ အတွေ့အကြုံဖလှယ်ရေး၊
ယဉ်ကျေးမှုကိစ္စတို့တွင် အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါအခမ်းအနားဖွင့်ပွဲသို့ နေပြည်တော်နှင့်
ရန်ကုန်မြို့အခြေပြု ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံတို့နှင့်
အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဧည့်ပရိသတ်များကို ဒေသရိုးရာအစားအစာများဖြင့်
ဧည့်ခံကာ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment