Thursday, November 6, 2025

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံရှိကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲ Mr. Justin Brady အား လက်ခံတွေ့ဆုံ

 နေပြည်တော် နိုဝင်ဘာ ၅

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး   (UNOCHA)၏အကြီးအကဲ Mr. Justin Brady အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အကူအညီလိုအပ်သည့်ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့်ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment