နေပြည်တော် စက်တင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးစာပင်စိုက်ပျိုးခြင်းသုတေသန၊ ပိုးမွေးမြူခြင်းသုတေသနနှင့် ပိုးရောဂါစစ်ဆေးခြင်း၊ ပိုးမျိုးများ မွေးမြူမျိုးထိန်းခြင်းနှင့် သုတေသနလုပ်ငန်းများ၊ တောင်သူများထံသို့ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးရန် မွေးမြူနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သုတေသနဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
နိုင်ငံတော်အကြီးအကဲ၏ “ပြင်ဦးလွင်ဒေသ ရေဖူလုံစွာရရှိစေ ရေး” လမ်းညွှန်ချက်ဖြင့် ဆင်လမ်းရေလှောင်တမံ
ရေပိုလွှဲ နှစ်ပေမြှင့်တင်ခြင်းနှင့် စည်သာရေလှောင် တမံ ရေပိုလွှဲသုံးပေ မြှင့်တင်ခြင်းလုပ်ငန်းများ၊
စည်သာရေကူရေလှောင်တမံကြံ့ခိုင်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား
ရေပိုလွှဲရေတံခါးကို လိုအပ်သောစစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲလုပ်ငန်းများ
သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီစွာ ရာနှုန်းပြည့်ပြီးစီးရေး၊
တမံနှင့် ရေပိုလွှဲကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို
လုပ်ထုံးလုပ်နည်းများအတိုင်း အလေးထားဆောင်ရွက်ရန်၊ ရေပိုလွှဲအဝင်ရေလမ်း ကြောင်း လိုင်နင်လုပ်ငန်းများ
လျာထားဆောင်ရွက် ရန်၊ စိုက်ပျိုးထားသော အပင်များ ရှင်သန်စေရေး အတွက် နွေရာသီတွင် ရေရရှိရေး
စီမံဆောင်ရွက်ကြရန်၊ တမံ ရေပိုလွှဲနှင့် ဆက်စပ်ရေအားအဆောက် အအုံများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး
စီမံဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
ဆင်လမ်း ရေလှောင်တမံ
ရေပိုလွှဲနှစ်ပေ မြှင့်တင်ခြင်းဖြင့် မူလသိုလှောင်ပမာဏအထက် ရေ ၄၁၂ ဧက ပေ ရေဂါလန် ၁၁၂ သန်းခန့် ပိုမိုသိုလှောင်နိုင်မည်ဖြစ်သကဲ့သို့
စည်သာရေလှောင်တမံ ရေပိုလွှဲသုံးပေ မြှင့်တင်ခြင်းဖြင့် ယခင်ကန်ရေပြည့် သိုလှောင်နိုင်သည့်
ပမာဏအထက် ရေ ၂၆၇ ဧကပေ ရေဂါလန် ၇၂ သန်းခန့် ပိုမိုသိုလှောင်နိုင်မည်ဖြစ်၍ ပြင်ဦးလွင်မြို့နယ်
သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ကာလတိုအတွင်း လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်သည့်
(Quick Win) လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့်
ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) သို့ရောက်ရှိပြီး
အင်ဂျင်ပါဝါသုံး ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်များဖြစ်သည့် မြန်မာနိုင်ငံ တောင်သူလယ်သမားများ
ကြိုက်နှစ်သက်သော တန်းကြား ၂၃ စင်တီမီတာနှင့် နိုင်ငံတကာစံနှုန်း သတ်မှတ်ထားသည့် တန်းကြား
၃၀ စင်တီမီတာ နှစ်မျိုး စမ်းသပ်ထုတ်လုပ်နေမှု၊ အဆိုပါကောက်စိုက်စက်တွင် အသုံးပြုထားသော
ကောက်ပင်စိုက်သည့် Picker စနစ်ကို ပိုမိုကောင်းမွန်စေရန် ဒီဇိုင်းပိုင်း ပြုပြင်ပြောင်းလဲစမ်းသပ်ထုတ်လုပ်နေမှုတို့ကို
ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍
ဒုတိယဝန်ကြီးက ထုတ်လုပ်ပြီးစီးသည့် တန်းကြား ၂၃ စင်တီမီတာ လက်ဆွဲကောက်စိုက်စက်အတွက်
နည်းပညာပိုင်းဆိုင်ရာ ဒီဇိုင်းပုံထုတ်လုပ်ခြင်းကို တပ်မတော်အကြီးစားစက်ရုံ (ဆင်တဲ)
နှင့် မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုကို
သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment