နေပြည်တော် ဩဂုတ် ၂၀
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ဩဂုတ် ၁၉ ရက်မှ ၂၀ ရက်အထိ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာကြည်က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည်။
အစည်းအဝေး
ပထမနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တီမောလက်စ်တေနိုင်ငံမှ
ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိကိုယ်စားလှယ်များ၊
အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CGIAR၊ CPOPC၊ CSIRO၊ ERIA၊ GIZ၊ TAF GTEI၊ FAO၊ GHD and Boeing၊ Sattva
Consulting၊ SCeNe Coalition၊ Singapore
Craw-fish၊ SEAFDEC နှင့် US-ABC တို့မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနဖြစ်သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
အစည်းအဝေး ဖွင့်ပွဲတွင် SOM - AMAF Leader ဖြစ်သူ
စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက်
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းဝေးများမှ
ထွက်ပေါ်လာသည့် ရလဒ်များ၊ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးများမှ
ထွက်ပေါ်လာသည့် ရလဒ်များ၊ ကဏ္ဍအလိုက် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို တင်ပြရာတွင်
စားရေရိက္ခာကဏ္ဍမှ ကျင်းပသည့် အစည်းအဝေး (၄) ခု၊ စိုက်ပျိုးရေးကဏ္ဍမှ (၆) ခု၊ စိုက်ပျိုးရေးနှင့်
သစ်တောထွက်ကုန်များ ကဏ္ဍမှ (၁) ခုနှင့် သစ်တောကဏ္ဍမှ (၁) ခုတို့၏ အစည်းအဝေးအစီရင်ခံများကို
ဆွေးနွေးကြပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာလုပ်ငန်းရပ် (၂၃)
ခုကို (၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ
အစည်းအဝေးတွင် အတည်ပြုရန်နှင့် လုပ်ငန်းရပ် (၇) ကို မှတ်တမ်းတင်ရန်
ဆွေးနွေးသဘောတူကြသည်။
ဆက်လက်၍
ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CGIAR မှ ASEAN-One CGIAR Program ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ CPOPC မှ ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှုတားဆီးရေးဆိုင်ရာ
စည်းမျဉ်းစည်းကမ်းများ အကောင်အထည်ဖော်ခြင်း၊ CSIRO မှ အာဆီယံ
- ဩစတြေးလျ ဇီဝကာကွယ်ရေးသုတေသနလုပ်ငန်းများ၊ ERIA မှ
စိုက်ပျိုးရေး စားရေရိက္ခာစနစ်များ၊ စိုက်ပျိုးရေးကဏ္ဍတွင်
ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် အာဆီယံဒေသတွင်း စားရေရိက္ခာဖူလုံရေးဆိုင်ရာ
လုပ်ငန်းများ၊ GIZ မှ ရေရှည်တည် တံ့စေသည့် ကောက်ရိုးအသုံးပြုသည့်
စီမံကိန်းမှ ထွက်ပေါ်လာသည့် ရလဒ်များ၊ စိမ်းလန်းသော ဥရောပအဖွဲ့ လှုပ်ရှားဆောင်ရွက်မှုအစီအစဉ်အတွက်
နည်းပညာအကူအညီပေးရေးအထောက်အကူပြုအဖွဲ့မှ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမီးရှို့မှုလျှော့ချရေးနှင့်
ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးတို့အတွက် ကနဦးဆောင်ရွက်မှုများ၊ FAO မှ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဆီယံဒေသတွင်း ရေရှည်တည်တံ့သော
ဘဏ္ဍာရေးစနစ် (ASEAN Green Bond) ဆိုင်ရာ ကနဦးဆောင်ရွက်မှုများ၊
GHD and Boeing မှ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ
ရေရှည်တည်တံ့သော လေယာဉ်ဆီထုတ်လုပ်ခြင်း၊ Sattva Con-sulting အဖွဲ့မှ
အာဆီယံဒေသတွင်း ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေသည့် စီးပွားရေးပုံစံများ၊ SCeNe
Coalition မှ သဘာဝအခြေခံဖြေရှင်းနည်းများ၊ Singa-pore
Crawfish မှ ကျောက်ပုစွန်များကို ရေရှည်တည်တံ့စွာ မွေးမြူခြင်း၊ SEAFDEC
မှ အာဆီယံဒေသတွင်း ငါးရှဉ့်မွေးမြူခြင်း၏ ရေရှည်တည်တံ့စေမည့် နည်းပညာစီမံခန့်ခွဲမှုများ၊
US-ASEAN Business Council မှ အာဆီယံဒေသတွင်း အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများကို
အတူတကွရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး စားရေရိက္ခာ၊
စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကတိကဝတ်ပြုခဲ့ကြသည်။
(၂၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံးလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ
အစည်းအဝေး၏ အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေးနှင့် (၁၀) ကြိမ်မြောက်
အာဆီယံ-ရုရှား လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏
အဆင့်မြင့်အရာရှိများ အစည်းအဝေးများကို ဩဂုတ် ၂၀ ရက်တွင် ဆက်လက်ကျင်းပခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment