နေပြည်တော် ဇူလိုင် ၂၃
မန္တလေးငလျင်ဒဏ်သင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံရေးဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ နေပြည်တော် လယ်ဝေးမြို့
ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၊ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော်
ဘဒ္ဒန္တပဏ္ဍိတနှင့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဦးစွာ လယ်ဝေးမြို့
ပေါက်မြိုင်ကျောင်း တိုက်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက
ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်
နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
ထို့နောက် လယ်ဝေးမြို့
ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများက ဩဝါဒကထာများ
မိန့်ကြားတော်မူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
အမှူးပြုသော တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ခုနစ်ရက်သားသမီးများ၏အလှူငွေကျပ် ၁၀၈ သိန်းကိုလည်းကောင်း၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီမှ လှူဒါန်းသော အလှူငွေကျပ် ၁၀၈ သိန်းကိုလည်းကောင်း
ပေးအပ်လှူဒါန်းရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်က လက်ခံရယူသည်။
ယင်းနောက် လယ်ဝေးမြို့
အင်းသာအရှေ့ကျောင်းတိုက်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက
ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုကြပြီး စေတီ တော်မြတ်ကြီး လိုဏ်ဂူတော်နှင့် ရင်ပြင်တော်ပျက်စီးမှုအခြေအနေအား
လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment