နေပြည်တော် ဇွန် ၂၆
“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့သုံးသပ်ဆွေးနွေးပွဲ” ငြိမ်းချမ်းရေးဖိုရမ် - Peace Forum 2025 ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။
ငြိမ်းချမ်းရေးဖိုရမ်သို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့်
ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) မှ
ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊
အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ
ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊
အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊
မီဒီယာများနှင့် လေ့လာသူများ တက်ရောက်ကြပြီး အဖွဲ့ (၂) ဖွဲ့ခွဲ၍ ဆွေးနွေးကြသည်။
နံနက်ပိုင်းဆွေးနွေးမှုတွင်
အဖွဲ့ (၁) နှင့် အဖွဲ့ (၂) တို့၏ သဘာပတိများအဖြစ် အဖွဲ့ (၁) ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယ
ဗိုလ်ချုပ်ကြီး မင်းနိုင်၊ အဖွဲ့ (၂) ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး
ဝင်းဗိုလ်ရှိန် (အငြိမ်းစား) တို့က ဆောင်ရွက်ကြပြီး “ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး
(နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် ရွေးကောက်ပွဲ၏ အရေးပါမှု၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲကျင်းပပြီး ဂုဏ်သိက္ခာရှိသော လွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက်
ဆောင်ရွက်သင့်သော အစီအမံများ)” ခေါင်းစဉ်ကိုလည်းကောင်း၊
မွန်းလွဲပိုင်းဆွေးနွေးမှုတွင် အဖွဲ့ (၁) ၌ သဘာပတိအဖြစ် ဒေါက်တာညိုညိုသင်းက
ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲနှင့်
နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို
ဖော်ထုတ်ခြင်း”၊ အဖွဲ့ (၂) ၌ သဘာပတိအဖြစ် ဒေါက်တာ ချောချောစိန်က ဆောင်ရွက်ပြီး
“ရွေးကောက်ပွဲအလွန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော
ပြည်ထောင်စုတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အကူပြုနိုင်မည့် နိုင်ငံတကာအသိုက်အဝန်းများ၏ အခန်းကဏ္ဍကို
ဖော်ထုတ်ခြင်း" ခေါင်းစဉ်တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက
အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ်
ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
No comments:
Post a Comment