နေပြည်တော် ဇွန် ၂၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ပထမအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်-၁၄ ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ကျွန်းပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး
ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များကို သတ်မှတ်နေရာများတွင်
ဆက်လက်စိုက်ပျိုးပေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များ စိုက်ပျိုးနေမှုကို
လှည့်လည်ကြည့်ရှုအားပေးသည်။ ယခုသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊
ပိတောက်၊ တမလန်း၊ ပိတောက်နက် စသည့် တန်ဖိုးရှိ သစ်မျိုးများအပါအဝင် စုစုပေါင်းသစ်မျိုး
၂၁ မျိုးဖြင့် ပျိုးပင် ၁၅၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးကြသည်။
သစ်တောသယံဇာတများ
ရေရှည်တည်တံ့စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပြုစုရေး လုပ်ငန်းများတွင်
ပြည်သူများ တက်ကြွစွာပူးပေါင်း ပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို
နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ
ယခုနှစ်တွင်လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ၁၉၄ ကြိမ် သစ်ပင်ပေါင်း
၁၆၀၇၃၂ ပင် စိုက်ပျိုးခဲ့ပြီး မိုးကာလအတွင်း သစ်ပင်စိုက်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် မိုးရာသီအတွင်း သစ်ပင်စုစုပေါင်း ၂၂ သန်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊
တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များနှင့် သတ္တုရေးရာကဏ္ဍ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်
အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment