နေပြည်တော် ဇွန် ၂၃
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအား လမ်းညွှန်အမှာစကားပြောကြားခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့်
ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ
တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊
ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းစနစ်ဖြင့်
တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
အဖွင့်အမှာစကား ပြောကြားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ
အောင်မြင်စွာ ကျင်းပပြီးစီးအောင် ဝိုင်းဝန်းကူညီတာဝန်ထမ်းဆောင်ခဲ့ကြသူများအာလုံးကို
ကျေးဇူးတင်ရှိကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများကို ဖွင့်လှစ်ခဲ့သည်မှာ
သုံးပတ်ရှိပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများအား အမှန်တကယ်တတ်မြောက်အောင် စေတနာထားသင်ကြားပေးစေလိုကြောင်း၊
ကျောင်းပရဝဏ်သန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အစဉ်တစိုက်ဆောင်ရွက်ကြရန်
လိုကြောင်း၊ တက္ကသိုလ်များတွင် လက်တွေ့ခန်းသုံးပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ
ဝယ်ယူပြီးပါက SOP စံသတ်မှတ်ချက်များအတိုင်း စနစ်တကျလိုက်နာ၍ အကျိုးရှိထိရောက်စွာ အသုံးပြုကြရန်လိုကြောင်း၊
ဆရာ ဆရာမများအနေဖြင့် အတန်းပညာသင်ကြားပေးရုံသာမက ကလေးများ လိမ္မာရေးခြားရှိအောင် သင်ကြားပေးရမည့်အပြင်
နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင် သင်ကြားပေးရန်လိုကြောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်
ကျောင်းများတွင် ဆရာ ဆရာမများခန့်ထားခြင်း၊ ကျောင်းလခကောက်ခံခြင်းများကို ညွှန်ကြားချက်
များအတိုင်း လိုက်နာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ
မှန်ကန်ရေး အထူးကြပ်မတ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသော
ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က ပညာရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသောလုပ်ငန်းများ
အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဦးစီးဌာနများမှ
ညွှန်ကြားရေးမှူးချုပ်များနှင့် တက်ရောက်လာသူများက ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍
ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment