နေပြည်တော် ဇွန် ၁၉
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ
ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည်
စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၊ ဆွမ်းဦးပုညရှင်စေတီတော်နှင့်
ရတနာစေတီ ဆင်များရှင်ဘုရားကြီးတို့၌ ငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်
အအုံများအား ဒေသခံပြည်သူများနှင့်အတူ အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးနောက်
ဘက်စုံပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်အားပေး
ဆောင်ရွက်နေကြသူများကို အင်အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် သကျဓီတာသီလရှင်စာသင်တိုက်၊
ဇမ္ဗူမင်္ဂလာဆုတောင်းပြည့်ဘုရား၊ စိန်ရတနာကျောင်းတိုက်နှင့် ရတနာအောင်မြင်ကျောင်းတိုက်များ၌
ငလျင်ပြီးနောက် သာသနိကအဆောက်အအုံများကို အဖွဲ့အစည်းအသီးသီးမှ စက်ယန္တရားကြီးများ အသုံးပြု၍
အရှိန်အဟုန်မြှင့် အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု၊ မဟာစည်းခုံကြီးစေတီတော်
ပုရဝုဏ်အတွင်း၌ ငလျင်ဒဏ်သင့်ပြည်သူများ နေထိုင်နိုင် ရန်အတွက် Modular House ဆောက်လုပ်ပြီးစီးနေမှု၊
စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်သင့် လူနေအဆောက်အအုံများ၊ လမ်းတစ်လျှောက် လမ်းဘေးဝဲ/
ယာများရှိ အပြိုအပျက်များကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊
စက်ယန္တရားကြီးများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်
အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးပြီး လုပ်အားပေးဆောင်ရွက်နေကြသူများကို
အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး
အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု၊ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်စဉ်
အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းတော်ကြီး၏ ဘုံခုနှစ်ဆင့်နေရာတွင်
ငြမ်းများ စနစ်တကျဆင်၍ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဂန္ဓကုဋီတိုက်အား
ပိုမိုခိုင်ခံ့စေရန်အတွက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ဘုရားကြီး၏ နောက်ကျောတော်နေရာတွင်
ပြိုကျပျက်စီးသွားသည့်တိုင်များအား ပြန်လည်တည်ဆောက်ရန်အတွက် တိုင်ကျင်းများ တူးဖော်ထားရှိမှုနှင့်
ချိတ်ဆွဲရတနာပြတိုက်အတွင်းမဟာမုနိဘုရားကြီး၏ ထီးတော်နှင့် စိန်ဖူးတော်အား ပူဇော်ခံထားရှိမှုတို့ကို
ကြည့်ရှုစစ်ဆေး၍ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မဟာအောင်မြေမြို့နယ်၊
မဟာအောင်မြေအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ အလယ်ရပ်ကွက်နှင့် အနောက်ရပ်ကွက်တို့ရှိ
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ
အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment