နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင် ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ဇွန် ၂၃ ရက်အထိ သေဆုံးသူ ၃၇၆၁ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၄၅ ဦး ရှိသည်။
မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့
အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး အဆောက်အအုံများအတွင်း
ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး
သေဆုံးသူ ၈၃၉ ဦးအား ရှာဖွေပေးနိုင်ခဲ့ သည်။
ဘေးသင့်ပြည်သူများသို့
ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်း များ ထောက်ပံ့လှူဒါန်းမှုများအတွက်
ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment