ပဲခူး ဇွန် ၂၃
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဥ် မိုးလုံလေလုံအားကစားရုံ၌ ဇွန်လ(၂၁)ရက်နေ့၊ နေ့လယ်ပိုင်းအချိန်က ၂၀၂၅ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လူရွေးချယ်ရေးပြိုင်ပွဲကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိများက ၂၀၂၅ခုနှစ်၊
အမျိုးသားတံခွန်စိုက်ဂျူဒိုပြိုင်ပွဲနှင့်
(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ လူရွေးချယ်ရေးပြိုင်ပွဲကျင်းပပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသမီး
(-၅၇)ကီလိုတန်း၊
(+၇၀)ကီလိုတန်း၊
(+၇၈)ကီလိုတန်း၊ အမျိုးသား
(-၅၅)ကီလိုတန်း၊
(-၇၃)ကီလိုတန်း၊
(-၈၁)ကီလိုတန်း၊
(-၉၀)ကီလိုတန်း၊
(-၁၀၀)ကီလိုတန်းတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား
မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိများနှင့်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် ဝန်ကြီးများက ဆုတံဆိပ်များနှင့်
ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
၂၀၂၅ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ဂျူဒိုပြိုင်ပွဲတွင် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရ ကချင်ပြည်နယ်မှ မပိုးအိလွင်နှင့် အကောင်းဆုံးအမျိုးသား
အားကစားသမားဆုရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထက်အောင်တို့အား
ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)





No comments:
Post a Comment