နေပြည်တော် ဇွန် ၂၃
တာချီလိတ်မြို့၌ ငွေကျပ် ၆၀၄ ဒသမ ၉ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်၂၁ ရက် ညနေပိုင်းက သတင်းအရ တာချီလိတ်မြို့
ဆန်ဆိုင်း (ခ) ရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် အောင်မျိုးလင်း (ခ) အားဖာ မောင်းနှင်ပြီး
အိုက်ဆမ် (ခ) အားဟုန် လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ
အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသ
တန်ဖိုးငွေကျပ်သိန်း ၆၀၀) ဖမ်းဆီးရမိသည်။
ကွင်းဆက်စစ်ဆေး
ဖော်ထုတ် ချက်အရ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် လားဟူဈေးအနီး၌ အိုက်စ် (မက်သ်အဖက်တမင်း)
များ ရောင်းချပေးသူ စိုင်းလုံ (ခ) ဝမ်ဒင်အား ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိပြီး
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အား ဆက်လက်သွားရောက်ရှာဖွေရာ အိုက်စ်
(မက်သ်အဖက်တမင်း) ၀ ဒသမ ၀၀၅ ကီလို (တစ်ကီလို လျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသ
တန်ဖိုးငွေကျပ် ၅၀၀၀၀)၊ အက်တက်စီဆေးပြား ၁၁ ပြား (တစ်ပြားလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့်
၎င်းဒေသတန်ဖိုး ငွေကျပ် ၄ ဒသမ ၄ သိန်း) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ကိုးပြား (တစ်ပြားလျှင်
ငွေကျပ် ၇၀၀ နှုန်း ဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၃၀၀)တို့အား ထပ်မံဖမ်းဆီးရမိ သဖြင့်
အောင်မျိုးလင်း(ခ)အားဖာ (၂၂)နှစ်၊ အိုက်ဆမ်(ခ)အားဟုန် (၂၂)နှစ်နှင့် စိုင်းလုံ(ခ)ဝမ်ဒင်(၃၂)နှစ်တို့
သုံးဦးအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
အလားတူ မိုးညှင်းမြို့နယ်
ပင်လုံကျေးရွာအုပ်စု နန့်စီးအောင် ကျေးရွာအနီးတွင် ရွှေကူမြို့ဘက် မှ မြစ်ကြီးနားမြို့ဘက်သို့
မောင်းနှင် လာသည့် ရွှေကူစတားယာဉ်လိုင်း မှ HIACE အမျိုးအစား ခရီးသည် တင် မော်တော်ယာဉ်အား
ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် ဇော်မင်းနှင့် ခင်စန်းတင့် တို့ နှစ်ဦးထံမှ
စိတ်ကြွရူးသွပ် ဆေးပြား ၃၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်
၇၂ သိန်း)၊ ဘိန်းဖြူ ၀ ဒသမ ၀၉၉ ကီလို(တစ်ကီလိုလျှင် ငွေကျပ်သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသ
တန်ဖိုးငွေကျပ် ၃၉ ဒသမ ၆ သိန်း) ဖမ်းဆီးရမိသဖြင့် ဇော်မင်း (၅၀)နှစ်၊ ခင်စန်းတင့်
(၄၉)နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ
အရေးယူ ထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment