နေပြည်တော် ဇွန် ၂၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်းရမ်းတောင်သူပညာပေးစင်တာတွင် ဒေသခံ စပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲဆွေးနွေးစဉ်
ဒုတိယ ဝန်ကြီးက စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်းပြီး
လယ်သမားများနှင့် စဉ်ဆက်မပြတ် ကွင်းဆင်းထိတွေ့ပြီး စိုက်ပျိုးရေးနည်းပညာပေးရေးလုပ်ငန်းများ
ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ AI နည်းပညာ ကို တောင်သူများ အကျိုးရှိထိရောက်စွာ
အသုံးပြုတတ်စေရန် စွမ်းဆောင်ရည်မြှင့်တင် ပညာပေး ခြင်းများဆောင်ရွက်ရန်၊ မိုးရာသီတွင်
ရေထုတ်ရန်ခက်ခဲသည့် လယ်မြေများအတွက် ရေနေခံ စပါးမျိုးကဲ့သို့ ရေနစ်ခံနိုင်သည့် စပါးမျိုးကို
ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ချက်များ၊ ပန်းတိုင်အထွက် နှုန်းထက်မြင့်မားသည့် တောင်သူ
အရေအတွက်များနိုင်သမျှများ အောင်ဆောင်ရွက်ရန်နှင့် အထွက် နှုန်းများသည့် တောင်သူများ
လိုက်နာကြသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များကို မှတ်တမ်းတင်ထားရှိရန် လိုအပ်ချက်များ
ဆွေးနွေးပြောကြား သည်။
ရှင်းလင်းပြသ
ထို့နောက် တက်ရောက်လာကြသည့်
တောင်သူများ၏ ယခင်ခေတ်အဆက်ဆက် စိုက်ပျိုးခဲ့ကြ သည့်စပါးမျိုးနှင့် ၎င်းတို့၏ အရည်အချင်းလက္ခဏာများအပေါ်
တောင်သူများ၏ အမြင်များ၊ ယခင်ကအောင်မြင်ခဲ့သည့် မနော သုခကဲ့သို့စပါးမျိုးများ၏ သမိုင်းကြောင်းနှင့်
လက်ရှိတွင် တောင်သူ များလိုအပ်သည့်စပါးမျိုး၌ ရှိရမည့်အရည်အချင်းလက္ခဏာများ၊ အသက်ရက်
၁၂၀ ထက် မကြီးဘဲ အပင်အမြင့် သုံးပေခွဲခန့်နှင့် အပင်တောင့်တင်းကာ အနှံကောင်းမွန်ပြီး
စားသုံးမှုအရည်အသွေး ကောင်းမွန်သည့် စပါးမျိုးလိုအပ်မှု၊ စပါးသီးနှံ ရိတ်သိမ်းချိန်တွင်
သီးနှံလေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရန် တို့ကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက
ဖြည့်စွက်ဆွေးနွေးပြီး လုပ်ကွက်ငယ် တောင်သူများအနေဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက် မောင်းရမ်းအုပ်စု
ကွင်း၌ စိုက်ပျိုးပြသထားသည့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာ နနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့
ပူးပေါင်းဆောင်ရွက်သော YAR-14၊ YAR-10၊ YAR-07၊ ဆင်းရွှေ ရင်-၃၊ ဆင်းရွှေရင်-၂၊ ဆင်းရွှေရင်-၁၊
အောင်နိုင်တိုး စသည့် စပါးမျိုး ရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် များ၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို
ဆွေးနွေးပွဲတက်ရောက်လာသော တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ကြရာ ဒုတိယဝန်ကြီးနှင့်
တာဝန် ရှိသူများက ရှင်းလင်းပြသခဲ့ကြ သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့
စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သုတေသီများ၊
စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများ၊ ဇလောင်း၊ မောင်းရမ်း၊ မင်းကုန်း၊ တောင်ညို၊ သရက်တောကျေးရွာ
များမှ တောင်သူ ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment