နေပြည်တော် ဇွန် ၂၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီး၊ တော်ဝင်ရတနာလမ်းမကြီးနှင့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ သုခတော်ဝင်အိမ်ရာရှိ သစ္စာလမ်းနှင့် မုဒိတာလမ်းများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှတင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်းအသုံးပြုရေး၊ မြေစမ်းသပ်မှုများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိ ရေလှောင်တမံသို့သွားရောက်ပြီး စက်ယန္တရားများဖြင့် အရေးပေါ်ရေပိုလွှဲဆောင်ရွက်နေမှု၊ ယာယီရေတားတမံဆောင်ရွက်နေမှုနှင့် ရေထုတ်ပြွန်ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ပဲခူးလမ်း၊ သော်ကလမ်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ ကျိုက်ထိုလမ်းများသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေပိုက်လိုင်းလမ်းကြောင်းတစ်လျောက် အမြဲမပြတ်စစ်ဆေးဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍
ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စိုးမြင်းမိုရ်ခန်းမ၌ နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါပညာပေးဟောပြောခြင်းနှင့်
လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းအခမ်းအနားကိုကျင်းပရာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊
ကျောင်းသူများနှင့်
ပြည်သူလူထုများ တက်ရောက်ကြသည်။
ဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မိုးရာသီကာလတွင် အဖြစ်များသောရောဂါများဖြစ်သည့်
သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျောရောဂါ စသောကူးစက်ရောဂါများမဖြစ်ပွားအောင်
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်၊ အားတိုက် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည်
ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်သည့်အတွက် အသက်အရွယ်မရွေး နေရာဒေသမရွေး ဖြစ်ပွားနိုင်ပါကြောင်း၊
ရောဂါပြင်းထန်ပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည့်အတွက် ရောဂါဖြစ်ပွားမှုမရှိစေရေး၊
ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင်ရာအဆောက်အဦများ၊
ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ဖွားမှုမရှိစေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်
ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း စာသင်ကျောင်းများတွင်လည်း
သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုမရှိစေရေးအတွက် ခြင်ကျားကင်းစင်ကျောင်းများ ပေါ်ပေါက်လာစေရေး
သောကြာနေ့တိုင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက်
ပညာပေးဟောပြောပွဲများ၊ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းကို
ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်မှာသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်
နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဇင်ဝင်းမှ နေပြည်တော်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေနှင့်
ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြ သည်။
ယင်းနောက်
ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များ
နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက သရုပ်ပြတင်ဆက်ကပြခဲ့ပြီး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သည့်
ပြခန်းနှင့်လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇသင်္ဂဟလမ်းနှင့်
သပြေကုန်းအဝိုင်းသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သောလမ်းပိုင်းနှင့်
မြေထိန်းနံရံများပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊
ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးရေနုတ်မြောင်းများစနစ်တကျပြန်လည်တူးဖော်ရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ
အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့သွားရောက်ပြီး
ပင်လောင်းလမ်းဆုံနှင့် အိုင်စောက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက်
ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေမြောင်းများကို သတ်မှတ်အတိုင်းအတာအတိုင်း
စနစ်တကျပြန်လည်တူးဖော် ဆောင်ရွက်ရေး၊ ရေမြောင်းများအတွင်းအမှိုက်များ၊ ခြုံနွယ်များမရှိစေရန်ရှင်းလင်း
ဆောင်ရွက်ထားရှိရေး၊ Box Culvert နှင့် ရေထုတ်ပြွန်များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး
ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်
ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမသို့ သွားရောက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး
ပြိုင်ပွဲတွင် နေပြည်တော်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒိုအားကစားသမားများအားတွေ့ဆုံ၍
အားပေးစကားပြောကြားကာ ချီးမြှင့်ငွေနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
ထွန်းလင်း(ဇေယျာမြေ)



No comments:
Post a Comment