နေပြည်တော် ဇွန် ၂၆
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့
ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ
ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့်
ပြိုကျပျက်စီးခဲ့သော ပတ္တမြားစေတီနှင့် မဟာစေတီလှစေတီတို့အား
အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အပြီးသတ်ဖယ်ရှားရှင်းလင်းပြီးနောက်
အသစ်တဖန်ပြန်လည်တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်နေသည့်
အခြေအနေများနှင့် မူလမဟာစေတီမှရရှိသော ဌာပနာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး
ဌာပနာများအား စနစ်တကျထိန်းသိမ်းထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး
စစ်ကိုင်းမြို့အတွင်းရှိ တောင်ဖီလာလေးကျွန်းဆီမီးစေတီတော်မြတ်ကြီး၊
ဇလိတာရာမကျောင်းတိုက်၊ နဝလောဟာကျောင်းတိုက်နှင့် တောလေးထပ်ကျောင်းတိုက်များ၌
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ
အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှုအခြေအနေများ၊
စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အဦများ၊
လမ်းဘေးဝဲ/ယာများရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပြိုအပျက်များအား
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ
လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်၍ လိုအပ်သည်များကို
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက်
စစ်ကိုင်းမြို့အတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့်
လူပုဂ္ဂိုလ်များအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသန့်စက်ယာဉ်ဖြင့်
ဧရာဝတီမြစ်ရေးကိုသန့်စင်ပြီး သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဖြူးပေးဝေနေမှုတို့ကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်
တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ sky Villa နေရာသို့သွားရောက်၍
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန် ကျန်ရှိနေသည့် “ A” ဆောင်အားစက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်
အခြေအနေများအားလည်းကောင်း၊ ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေတွေ့ရှိသော ပစ္စည်းများအား
ပစ္စည်းလက်ခံရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့်
ထိန်းသိမ်းထားရှိမှု၊ သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့
ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍
လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်
ချမ်းအေးသာစံမြို့နယ်၊ အလယ်ရပ်ကွက်နှင့် အောက်နန်းရိပ်သာ အရှေ့ရပ်ကွက်များသို့
သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံအပျက်အစီးများအား
စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက်ရှင်းလင်းဖယ်ရှားနေမှုများအား
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment