Wednesday, February 19, 2025

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း WHO မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Thushara Fernandoနှင့် အဖွဲ့အားယနေ့ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်အတွင်း ဝန်ကြီးဌာနမှ ဦးစားပေးဆောင်ရွက်မည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနနှင့် WHO တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တာဝန်ရှိသူများတက်ရောက်

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ WHO ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment