နေပြည်တော် ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ Burmese Golf (BG)မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) ၌ ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ မြန်မာပီဂျီအေတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယက ဦးအောင်ကြည်၊ ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့်
ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်ရွှေတို့က အလှည့်ကျဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈
ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ယနေ့ပြိုင်ပွဲတွင် Tour Pro အဆင့် ၃၆ ဦး၊
Senior Pro အဆင့် ၂၈ ဦး၊ ဝါသနာရှင်အဆင့် ကိုးဦး စုစုပေါင်း အားကစားသမား ၇၃ ဦး ဝင်ရောက်
ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်းတိုးတက်လာစေရန်နှင့်
နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း
(ငွေသော်တာ) ၌ ဖေဖော်ဝါရီ ၂၀ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ဝါသနာရှင်အဆင့်၊
သက်ကြီတန်းဝါသနာရှင်အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ရန်ကုန်ဂေါက်ကလပ်
(တညင်းကုန်း) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment