နေပြည်တော် ဖေဖော်ဝါရီ ၂၀
နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ် (၁) စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအမှတ် (၁) စစ်တီးဝိုင်းအသင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ် (၂) စစ်တီးဝိုင်းအသင်းနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအမှတ် (၁) စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါစစ်တီးဝိုင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment