သထုံ ဖေဖော်ဝါရီ ၁၇
ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊
ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်
သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်တို့က “လူငယ်အလင်းရောင်”
စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ
ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာဒိုးပတ်အဖွဲ့အား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
စာကြည့်တိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ
စာကြည့်တိုက်အတွင်း သုတ၊ ရသ စာအုပ်စာစောင်များအား လေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်
ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ယနေ့ခေတ်ကျောင်းသားလူငယ်များ စာအုပ်စာပေများကို
အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ
ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ
တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်သည်ဆိုသကဲ့သို့
စာပေနှင့် လူသည် ကင်းကွာ၍မရနိုင်သဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ
ရှင်သန်ခိုင်မာဖို့ လေ့ကျင့်ပျိုးထောင်ပေးကြဖို့လိုပါကြောင်း၊ ပြည်သူများ စာဖတ်သည့်
အလေ့အကျင့်ကောင်းများစွဲမြဲလာစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုကြစေရန်နှင့်
စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းစောင့်ရှောက်သွားကြရန်
လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် “လူငယ်အလင်းရောင်” စာကြည့်တိုက်အတွက်
ကျေးရွာနေအလှူရှင်များက ငွေပဒေသာပင်၊ အလှူငွေစုစုပေါင်း ငွေကျပ် (၃၁၀၀၀၀၀) နှင့်
မွန်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာအုပ်စာစောင်များကို
ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ စာကြည့်တိုက်အဆောက်အဦနှင့် ပတ်သက်သည့် အချက်အလက်များအား
ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က
လွှဲပြောင်းပေးအပ်ရာ စာကြည့်တိုက်တာဝန်ခံတစ်ဦးက လက်ခံရယူပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လူငယ်အလင်းရောင် စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်လှူဒါန်းသည့် ငွေကျပ်သိန်း
(၁၅၀) နှင့် ပေါ်တော်မူကျေးရွာ စေတနာရှင် အလှူရှင်များက လှူဒါန်းငွေ ကျပ်သိန်း
(၁၀၀) စုစုပေါင်းကျပ်သိန်း(၂၅၀) ဖြင့် အလျား (၂၀) ပေ၊ အနံ (၂၀) ပေ၊ အမြင့်(၁၂)ပေ
အုတ်ကာ သွပ်မိုး၊ တစ်ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။







No comments:
Post a Comment