နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊
အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ်အဖွဲ့ခေါင်းဆောင်များ
စုံညီစွာတက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက
အမှာစကားများ ပြောကြားကြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးက အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်
ဌာနအဖွဲ့အစည်းများ၏ အကြံပြုချက် ပုဒ်မ/ ပုဒ်မခွဲ တစ်ခုချင်းကို ရှင်းလင်းတင်ပြရာ အကြံပြုထားသည့်
ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဖြည့်စွက်ဆွေးနွေးကြသည်။ ဆက်လက်၍ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့်
မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက်
ဝိုင်းဝန်းဆွေးနွေးကြသည်။
ယခုအစည်းအဝေး၏ ယာယီအတည်ပြုချက်များနှင့်
ဥပဒေမူကြမ်းပါ အခန်းများကို အသေးစိတ်ဆက်လက်စိစစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီ၏
သတ္တမအကြိမ် အစည်းအဝေးတွင် တင်ပြပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment