ရန်ကုန် ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ သုခဒဂုံဈေးနှင့် သုခဒဂုံယာဉ်ရပ်နားဝန်းတို့အား ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် သုခဒဂုံဈေး
သန့်ရှင်းသာယာလှပရေးအတွက် မြက်အလှပင်များ စိုက်ပျိုးနေမှုကိုလည်းကောင်း၊ နားနေဆောင်နှင့်
ဈေးရုံးများအတွင်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ကားပါကင်တွင် ကားများ
စနစ်တကျရှိစေရေးအတွက် မျဉ်းများဆွဲနေမှုကိုလည်းကောင်း၊ ရေစီးရေလာကောင်းမွန်ရေး
ရေမြောင်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဈေးအိမ်သာများ
စနစ်တကျရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်
သုခဒဂုံယာဉ်ရပ်နားဝန်းရှိ YBS ကားများ စနစ်တကျ ဝင်/ထွက်သွားလာနေမှုများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သုခဒဂုံဈေးနှင့် သုခဒဂုံယာဉ်ရပ်နားဝန်းတာဝန်ခံက
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုတင်ပြရာ ဝန်ကြီးချုပ်က အလှပန်းပင်များနှင့် အရိပ်ရအပင်များစိုက်ပျိုးရန်၊
ဈေးဆိုင်ခန်းများ စုံလင်စွာထားရှိရန်၊ အိမ်သာတွင် ကျား/မ စနစ်တကျခွဲခြားထားရန်၊
ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရန်၊ ဈေးအဆောင်များတွင်
စနစ်တကျရောင်းချရန်၊ အမှိုက်များစွန့်ပစ်မှု စနစ်တကျရှိစေရေး
အမှိုက်ပုံးများထားရှိရန်၊ မီးဘေးလုံခြုံရေးသတိပြုရန်၊ မြို့အတွင်းနေရာစုံရောက်ရှိရေးအတွက်
YBS များ စုံလင်စွာထားရှိရန်၊ ယာဉ်ရပ်နားဝန်းအတွင်း
သန့်ရှင်သပ်ရပ်ရေးဆောင်ရွက်ရန် စသည်တို့ကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ သုခဒဂုံယာဉ်ရပ်နားဝန်းရှိ
သက်သာဈေးဆိုင်တွင် ပြည်သူများစားသုံးနေမှုများကိုကြည့်ရှုခဲ့ပြီး ရင်းရင်းနှီးနှီး
နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment