နေပြည်တော် ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ် တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး သာသနိကအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
သက်ဆိုင်ရာမြို့နယ်များမှ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါမြို့နယ်များအတွင်း
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများ သေဆုံးပြီး
သာသနိကအဆောက်အအုံများ ပျက်စီးသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
အဆိုပါမြို့နယ်များအား ပစ်ခတ်တိုက်ခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း၊ အကြမ်းသမားများမှ
အဆိုပါမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ကျေးရွာများကို လက်နက်ကြီးများ၊
ဒရုန်း များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးပြီး
သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးရခြင်းများ ရှိခဲ့သည်။
တရားမဝင် ပြည်ဖျက်မီဒီယာများက
အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်သည့်လုပ်ရပ် များကိုဖုံးကွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်
အထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ အခြေ အမြစ်မရှိသည့် သတင်းဓာတ်ပုံများကို အသုံးပြု၍
ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments:
Post a Comment