Thursday, February 20, 2025

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ


နေပြည်တော် ဖေဖော်ဝါရီ ၂၀ 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျောက်ဆောက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သော်လည်း မည်သည့်မီးလောင်ပျက်စီးမှုမရှိကြောင်း၊ တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်ရာနေရာများတွင် နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်သတင်းတု၊ သတင်းအမှားများဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment