နေပြည်တော် ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဌောအရှေ့ရွာရှိ ချင်းတွင်းမြစ်ကူးတို့ဆိပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် ၁ ပါးနှင့် ဒေသခံပြည်သူ ၂ ဦးဒဏ်ရာရပြီး ကားနှင့်ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများသွားလာ နေထိုင်လျက်ရှိသည့် နေရာများအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် အလုံးစုံပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အရေးပါသည့် ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်တာဝါတိုင်များအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများသွားလာလှုပ်ရှားနေထိုင်လျက်ရှိသည့် လူစည်ကားသည့်နေရာများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲခြင်းများဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment