Tuesday, February 18, 2025

ပြင်ဦးလွင်နှင့် လွိုင်လင်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 


နေပြည်တော် ဖေဖော်ဝါရီ ၁၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် ဘော်ကျေးရွာအုပ်စု ပုံကုန်းကျေးရွာအနီး၌ အောင်နိုင်မိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီတွင် ပုံကုန်းကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၃၆ သိန်း)၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် လွိုင်လင်မြို့နယ် ပန်ဝိုးကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီးတွင် အောင်လတ်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၅၀) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ သန်းစိုးမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေ ၃၈ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment