Monday, December 9, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr . Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိသည်။

ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား တိုင်းရင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment