Saturday, September 28, 2024

ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့သည့် ဖခင်နှင့် ၄ နှစ်အရွယ်သမီးငယ်တို့အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်


 

နေပြည်တော် စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ဖခင်နှင့် သမီးငယ်တို့ ၂ ဦးသည် ကျေးရွာရှိ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဖခင်ဖြစ်သူနှင့် အသက် ၄ နှစ်အရွယ်သမီးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။



ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ အမျိုးသား ၁ ဦးသည် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်း၏သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားရောက်ပို့ဆောင်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်ယုတ်မာစွာ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ သားအဖ ၂ ဦးစလုံး လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူမဆန်စွာ ရက်စက်ယုတ်မာသောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများကို သတင်းသုံးသပ်ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့ခိုအောင်းလှုပ်ရှားနေသည့် ဒေသများတွင် ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြို့၊ ရွာများ အတွင်းဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား အဆင်အခြင်မဲ့စွာ လုပ်ဆောင်လျက်ရှိသည်။ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ကလေးငယ်များပါမချန် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းအပေါ် ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ်မုန်းတီးလျက်ရှိပြီး ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များပေါ် လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှု (Counter- Terrorism Operation) ဆောင်ရွက်ရာတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment