Sunday, September 29, 2024

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ၌ ရေဘေးသင့် ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးထောက်ပံ့



နေပြည်တော် စက်တင်ဘာ ၂၈

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ညနေ ပိုင်းက ကျောက်ဆည်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းတို့မှ ရေဘေးသင့်ဝန်ထမ်းများနှင့်လည်းကောင်း၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ရေဘေးသင့်ဝန်ထမ်း များအတွက် ဆန်အိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ဆေးပညာဆိုင်ရာ ဇီဝ နည်းပညာဌာနရှိ ဆေးပညာဆိုင်ရာဓာတ်ခွဲခန်းကို Biosafety Level 2 အထိ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူပြု ဇီဝနည်းပညာသုတေသနရလဒ် များ၊ တန်ဖိုးမြှင့်ဒေသထုတ်ကုန်များ စမ်းသပ်ထုတ်လုပ်ထားမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများမှ ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင် ပြည့်မီစေရေး တစ်တပ်တစ်အားဖြစ်စေမည့် နိုင်ငံ့အကျိုးပြု ဇီဝနည်းပညာသုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော ရပ်ဝန်းတစ်ခုဖြစ်စေရေး ရည်မှန်း ဆောင်ရွက်ရန်၊ သုတေသနရလဒ် များမှ အသီးအပွင့်များကို ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက်လက်တွေ့ကျကျအသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ဇီဝနည်းပညာ အသိပညာပေးမှုများ၊ ဖြန့်ဝေပေးမှုများကို ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုကြောင့် ပြန်လည်ပြုပြင်မွမ်းမံရေး ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment