ရန်ကုန် ဇူလိုင် ၂၂
သန်လျင်ခရိုင်၊ သန်လျင်မြို့မင်းကျောင်း
ပထမပြန်စာသင်တိုက်ကြီးအတွင်း သီတင်းသုံးတော်မူကြသည့် ပဓာနနာယကဆရာတော်ကြီးအမှူးပြုသော
စာချ၊ စာသင်သံဃာတော်(၁၁၀)ပါးတို့သည် ယမန်နေ့ ညနေ(၆)နာရီတွင် အဆိုပါကျောင်းတိုက်ရှိ
အဂ္ဂမဟာရွှေမေတ္တာကျောင်းတော်ကြီးတွင် ဝါဆိုဝါကပ်တော်မူကြသည်။
အစီအစဉ်အရ အခမ်းအနားအား ဘုရားကန်တော့၍
ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းတိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကြသည်၊
ထို့နောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ကြသည်၊ ဆက်လက်၍ ဆရာတော်ကြီးများအား
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်
အဖွဲ့ဝင်များ၊ အလှူရှင်များက
ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ကြီးထံမှ
အနုမောဒနာရေစက်ချတရားနာယူကြသည်။
ယင်းနောက် ကျောင်းတိုက်သံဃာတော်များက
ဝါဆို၊ဝါကပ်ပွဲကို အစီအစဉ်များအတိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ
(ပြန်/ဆက်)



No comments:
Post a Comment