ကလေး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
အခမ်းအနားကို
ကလေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက
ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က
အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ကဗျာရွက်ဆိုပြိုင်ပွဲနှင့်
စကားပုံဆက်ပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များက ဆုများအသီးအသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊
ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး
အခမ်းအနားတက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ခင်းကျင်းပသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)


No comments:
Post a Comment