နေပြည်တော် ဇွန် ၂၄
နောင်ချိုနှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် စိုင်းထွန်းလှ (ခ) ထွန်းလှမောင်းနှင်ပြီး စောမိုးကျော်သူလိုက်ပါလာသည့် SOUEAST အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀၀၀၀ ကို လည်းကောင်း၊ ကွင်းဆက်အရ ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စိုင်းမိုး မြင့်သူအား ကျိုက်မရောမြို့နယ် ခရုံကျေးရွာအုပ်စုခရုံကျေးရွာ အနီးတွင် SOUEAST ယာဉ်တစ်စီး၊ မြန်မာငွေကျပ် ၅ ဒသမ ၄ သိန်း နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇွန် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပန်မုန့်ကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာနေ စိုင်းမြ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ နှင့် ဘိန်းစိမ်းသုံးကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်
-2.jpg)
No comments:
Post a Comment