မကွေး ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး
ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊
သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး
ပါဝင်ကူညီခဲ့သည့် ပန်းပွားအဖွဲ့နှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းအတွင်း ခင်းကျင်းပြသထားသည့်
လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ထူးချွန်ထင်ရှား မကွေးတိုင်းသားများ ဓာတ်ပုံပြခန်း၊
စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် ကျောင်းစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ
ဝေငှပေးခဲ့သည်။
ဆက်လက်၍
အခမ်းအနားကို ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ များက ပညာဘဏ်တိုက် စာကြည့်တိုက်ဆီသို့
သီချင်းဖြင့် ဖျော်ဖြေကာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ဦးတည်ချက် (၉) ရပ်အနက် လူမှုရေး ဦးတည်ချက် (၃) ရပ်တွင် “နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”
ဆိုပြီး
ပါရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ
မောင်မယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူမည့်သူများ ဖြစ်သည့်အတွက်
ဗလငါးတန်ပြည့်စုံဖို့လိုကြောင်း၊ ယနေ့ပွဲတော်သည်
ဗလငါးတန်ထဲမှ “ဉာဏဗလ”
ကို
ဖွံ့ဖြိုးတိုးတက်စေဖို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့်ပွဲတော်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို
အားပေးမြှင့်တင်ဖို့ လိုအပ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ “ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၁၀) ကျောင်းတွင် ပွဲတော်များ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပွဲတော်များ ကျင်းပခြင်းအားဖြင့်
စာသင်ကျောင်းများတွင် ရှိပြီးဖြစ်သည့် ကျောင်းစာကြည့်တိုက်များ ပိုမိုဖွံ့ဖြိုး လာမှာဖြစ်ကြောင်း၊
ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း
ကျောင်းစာကြည့်တိုက်ကို စိတ်ဝင်တစားအသုံးပြုလာတာနဲ့အမျှ စာပေကို ခင်တွယ်တန်ဖိုးထားတတ်သည့်
စိတ်တွေ ဖြစ်ထွန်းလာမှာဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်ရာမှာလည်း ကျောင်းနေအရွယ်
ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အနိမ့်ဆုံးအဆင့် KG+9
ပြီးမြောက် အောင်မြင်စေရေး၊ လူတိုင်းအခြေခံပညာတတ်မြောက်ရေးစသည်များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရည်မြင့်မားမှသာ မိမိဘဝတိုးတက်မည် ဖြစ်သည်ကို
သိရှိနားလည်ရန်လိုအပ်ပါကြောင်းနှင့် တစ်နှစ်တစ်တန်း အောင်မြင်ပြီး
တန်းစဉ်ကူးပြောင်းနိုင်အောင် ဆရာ၊ ဆရာမများကလည်း သား၊ သမီးအရင်းအခြာကဲ့သို့ သွန်သင်ဆုံးမပေးစေလိုကြောင်း၊
ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကြည့်တိုက်များအပြင် ခရိုင်နဲ့
မြို့နယ်များတွင် ဖွင့်လှစ်ထားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များကိုပါ
သွားရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်း၊ ကူးယူမှတ်သားခြင်း၊ ပြန်လည်ဆွေးနွေးစေခြင်းများ
လုပ်ဆောင်စေလိုကြောင်းနှင့် ဆရာ၊ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်ကို
အသုံးပြုသည့်အလေ့အထကောင်းများ ရှိလာစေရေး တွန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကိုလည်း
ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဗဟုသုတပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်
လူငယ်များဖြစ်စေရေး” နိုင်ငံတော်ရဲ့အရေးကြီးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း
ပြောကြားသည်။
ယင်းနောက်
အမျိုးသားစာပေဆုရ စာရေးဆရာ တင်လင်းဇော်က စာပေဖတ်ရှုခြင်း အကျိူးကျေးဇူးခေါင်းစဉ်ဖြင့်
စာပေဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ပထဆုရရှိသူများက
ပြန်လည် သရုပ်ပြသခဲ့ကာ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်
ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရေးဆရာတင်လင်းဇော်အား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်အတွက်
လူထုသိပ္ပံ အတွဲ(၁၊၂၊၃)
သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်း၍ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသား၊ကျောင်းသူများအတွက်
ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ
သူများက ခန်းမအတွင်း ခင်ကျင်းပြသထားသည့် စာအုပ်စာစောင်များအား လှည့်လည် ကြည့်ရှုခဲ့သည်။
အဆိုပါ
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင်
အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊
မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများအပြင် လှပသာယာပြည်မြန်မာ
ရောင်စုံဓာတ်ပုံပြခန်း၊ ထူးချွန်ထင်ရှား မကွေးတိုင်းသားများ ဓာတ်ပုံပြခန်း၊ စာအုပ်အရောင်းဆိုင်များ၊
ဂိမ်းကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ကာ
ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)
No comments:
Post a Comment