နေပြည်တော် ဇွန် ၁
ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့) အောင်သုခလေးထပ်ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ကျန်းမာရေးဝန်ထမ်းများနှင့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊
အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါ်နီနီ၊ အောင်သုခယောဂီဟောင်း ဒေါက်တာ
မိုးကျော်သူ (MD- Rain
Forest Co,. Ltd) အောင်သုခယောဂီများ ကိုယ်စား ဦးမြင့်သိန်းနှင့် ကုသရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က အောင်သုခလေးထပ်ဆေးကုသဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး
ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦသစ်တွင်ပါဝင်သော အရေးပေါ်နှင့်
ပြင်ပလူနာဌာန၊ ကျောက်ကပ်သွေးသန့်စင်ကုသရေးဌာန၊ သီးသန့်လူနာခန်းများ၊ သံဃာဆေးကုသဆောင်များကို
လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက်
ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ အလှူရှင်များကိုယ်စား
ဒေါက်တာ မိုးကျော်သူ (MD-
Rain Forest Co,.Ltd)က “အောင်သုခလေးထပ်ဆေးကုသဆောင်” ဆောက်လုပ်လှူဒါန်းရခြင်းနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ဆက်လက်၍
အလှူရှင်များကိုယ်စား အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါ်နီနီက
“အောင်သုခ လေးထပ် ဆေးကုသဆောင်သစ်” လှူဒါန်းမှု မှတ်တမ်းကို တိုင်းဒေသကြီး
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံပေးအပ်ခြင်းနှင့် ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ
ပြန်လည်ပေးအပ်ခြင်း၊ အောင်သုခဆေးကုသဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို
ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့) ဆေးရုံအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်
မြို့မိ မြို့ဖ ဦးမောင်ဝင်းက ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး ဖွင့်ပွဲအထိမ်းအမှတ်
လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
အောင်သုခ
လေးထပ်ဆေးကုသဆောင်သစ်သည် ၉၉၄၀ စတုရန်းပေအကျယ်အဝန်းရှိပြီး ကောင်းမွန်ခိုင်ခံ့သော Structure များဖြင့် တည်ဆောက်ထားကာ
မြေညီထပ်တွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ အစည်းအဝေးခန်းမ၊ ပထမထပ်၌ ကျောက်ကပ်သန့်စင်ဆေးကုသဌာန၊
ဒုတိယထပ်၌ အခပေးလူနာခန်းများနှင့် တတိယထပ်၌ သံဃာတော်များအတွက် ဆေးကုသဆောင်တို့
ပါဝင်သည်။ ငွေကျပ် ၅၂၉၉ ဒသမ ၉၁၄၈၃ သန်း တန်ဖိုးရှိပြီး ကျောက်ကပ်သွေးသန့်စင်စက်
ငါးလုံးအပါအဝင် အခြားဆေးရုံသုံး ပစ္စည်းများလည်း လှူဒါန်းထားရှိကာ ကျန်းမာရေးဝန်ကြီးဌာနမှလည်း
ကျောက်ကပ်ဆေးစက်နှင့် တွဲဖက်အသုံးပြုရမည့် ရေသန့်စင် စက်၊ 200 KVA
Generator ၊ 500 KVA Transformer နှင့် ဆက်စပ်ပစ္စည်းများကို
ထောက်ပံ့ပေးခဲ့သဖြင့် နာတာရှည်ကျောက်ကပ် ဝေဒနာရှင် ပြည်သူများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးနိုင်မည့်အပြင် ရဟန်းရှင်လူပြည်သူများ သက်သောင့်သက်သာ
စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုများ ခံယူနိုင်ကြမည်ဖြစ်သည်။
ထောက်ပံ့လှူဒါန်း
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်သူ့ဆေးရုံကြီး
(ပဲခူးမြို့)၌ ဆောင်ရွက်လျက်ရှိသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသပေးမှု
အခြေအနေကို သွားရောက်ကြည့်ရှု၍ ခွဲစိတ်ကုသမှုခံယူသည့် ကလေးများကို အလှူငွေများ
ထောက်ပံ့လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး
ကာကွယ်ဆေးသိုလှောင် အအေးခန်း(ပဲခူး) သုံးထပ်အဆောက်အအုံ (အသစ်) ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်ကြသည်။
လှည့်လည်ကြည့်ရှု
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်တို့က “ပဲခူး Sub- Depot သုံးထပ်ဆောင် အဆောက်အအုံသစ်”ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး
ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ အဆောက်အအုံသစ်တွင်ပါဝင်သော
အအေးခန်းများ၊ ဆေးထိုးအပ်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိရာအခန်းနှင့်
ရုံးခန်းတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက်
ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက
ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ
ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
အဆောက်အအုံသစ်တွင်
ကာကွယ်ဆေးများ သိုလှောင်ထားရှိရန်အတွက် Walk In Cooler အအေးခန်းတစ်လုံးနှင့် Walk
In Freezer အအေးခန်းတစ်လုံး၊ ဆေးထိုးအပ်နှင့်ဆက်စပ်
ပစ္စည်းများထားရှိရာ (Dry Store) အခန်း၊ ရုံးခန်းများ၊
အစည်းအဝေး ခန်းများ၊ သင်တန်းခန်းမတစ်ခု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့်
45 KVA Back-up Generator မီးစက် တစ်လုံး၊ ဂါလန် ၁၅၀၀
ဆံ့ရေကန်တို့ပါရှိပြီး စုစုပေါင်းတန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၃၃၆၀၀၀ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment