နေပြည်တော် ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
နယ်မြေခံလေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက
သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
သင်တန်းဖွင့်ပွဲအပြီးတွင်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့်
တာဝန်ရှိသူများသည်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) တက်ရောက်မည့်
သင်တန်းသားများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့်
အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်၊ ပြည်သူ့လုံခြုံရေးစနစ်
စတင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့်
အမျိုးသားစစ်မှုထမ်းစနစ်တွင် ပါဝင်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်
ရဲဘော်များအားလုံးကို လေးစားဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက်
တိုင်းမှူးက သင်တန်းသားများအား ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄)မှ သင်တန်းသားများအတွက်
ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ တိုင်းမှူးက သင်တန်းသားများအတွက်
စားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ ခေတ္တကျောင်းအုပ်ကြီးနှင့်
တာဝန်ရှိသူများက လက်ခံယူကြသည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည်
သင်တန်းသားများနှင့်အတူတကွ နံနက်စာသုံးဆောင်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်
တိုင်းမှူးတို့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း
သိရသည်။
ထွန်းထွန်းဝင်း
(ပြန်/ဆက်)

No comments:
Post a Comment