Friday, June 28, 2024

ထိုင်းနိုင်ငံ အထက်လွှတ်တော်ရွေးချယ်ပွဲလေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

 


နေပြည်တော် ဇွန် ၂၇

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ရုံးအထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ဇွန် ၂၄ ရက်မှ ၂၇ရက် အထိ ထိုင်းနိုင်ငံအထက်လွှတ်တော်ရွေးချယ်ပွဲ (Thai Senate Selection) လေ့လာစောင့်ကြည့်ရေး အစီအစဉ်သို့သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦးတို့သည် ယနေ့ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လေ့လာစောင့်ကြည့်ရေး ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၅ ရက်က Asawin Grand Convention Hotel၌ ကျင်းပသော အထက်လွှတ်တော်ရွေးချယ်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ရွေးချယ်ပွဲဆိုင်ရာပြစ်မှုများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဇွန် ၂၆ ရက်တွင် IMPACT Forum Convention Centre ၌ကျင်းပသော နိုင်ငံအဆင့်အထက်လွှတ်    တော် ကိုယ်စားလှယ်ရွေးချယ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာစောင့်ကြည့်ခြင်းတို့ဆောင်ရွက်ကာ လေ့လာရေးခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ်ခွင့်များ ရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment