နေပြည်တော် ဇွန် ၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဓာတုနည်းပညာ သုတေသနဗဟိုဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးသုတေသနလုပ်ငန်းများမှ MSME လုပ်ငန်းရှင်များက အဆိုပြုတောင်းဆိုထားသည့် နည်းပညာများကို လွှဲပြောင်းပေးခြင်းနှင့် ဖြန့်ဝေပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အစိုးရဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့်အတူ တက်ရောက်သည်။
ဦးစွာ
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME များသည်
စီးပွားရေးကဏ္ဍတွင် ၉၀ ရာခိုင်နှုန်းကျော်ပါဝင်နေရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်
ယင်းတို့သည် အဓိကမောင်းနှင်အား ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် MSME ၄၀၀၀၀ ကျော်ရှိပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီမှ
ညွှန်ကြားချက်များအတိုင်း နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ဌာနသည် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
သုတေသနဌာနများနှင့် တက္ကသိုလ်များတွင် MSME များ ဖွံ့ဖြိုးရေးစွန့်ဦးတီထွင်လုပ်ငန်းများအတွက်
နည်းပညာများ ပံ့ပိုးပေးနိုင်ရန် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပြီး
နိုင်ငံ့အကျိုးပြုသုတေသီများ၊ အင်ဂျင်နီယာများ၊ နည်းပညာရှင်များကို
မွေးထုတ်ပေးလျက်ရှိကြောင်း။
ယနေ့အခမ်းအနားကို
MSME ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်လာနိုင်ရေး
လိုအပ်သောနည်းပညာများကို သိရှိအသုံးပြုနိုင်စေရန်၊ ဒေသထွက်ကုန်ကြမ်းများမှ
တန်ဖိုးမြှင့်ထုတ်ကုန်များကို စီးပွားဖြစ်ထုတ် လုပ်နိုင်ခြင်းဖြင့်
ပြည်တွင်းနှင့်နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေးအရည်အသွေးယှဉ်ပြိုင်နိုင်စွမ်း
မြှင့်တင်ပေးနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများအတွက်
စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့်ညီညွတ်သော လူသုံးကုန်၊ စားသောက်ကုန်များ
ထုတ်လုပ်မှုမြှင့်တင်နိုင်ရန်၊ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုဖန်တီးပေးရန်နှင့် နိုင်ငံခြားဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်လျက်
ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
သုတေသနနှင့်
တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နည်းပညာ ၈၂ ခုကို MSME လုပ်ငန်းရှင်များသို့
လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် သုံးနှစ်တာ အတွင်း
နိုင်ငံတော်တွင် MSME ကဏ္ဍအားပေးမြှင့်တင်မှုကြောင့် နည်းပညာ
၄၂ ခု ကို လွှဲပြောင်းပေးခဲ့ရသည်ကို သိသာနိုင်ကြောင်း၊ ယနေ့တွင် နည်းပညာ ၁၁
မျိုးကို လွှဲပြောင်းပေးပြီး နည်းပညာငါးမျိုးကို ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ MSME
လုပ်ငန်းရှင်များသည် မိမိတို့လက်ခံရရှိသော နည်းပညာမျို့စေ့များမှ ထုတ်ကုန်သစ်ပင်ကြီးများဖြစ်သည်အထိ
ဆက်လက်ရှင်သန်ကြီးထွားအောင် ဆောင်ရွက်နိုင်ကြပြီး
လုပ်ငန်းများပိုမိုအောင်မြင်မှုမှသည် အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးတစ်တပ်တစ်အား
အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် MSME လုပ်ငန်းရှင်များထံ နည်းပညာများကို
လွှဲပြောင်းပေးအပ်ကြသည်။ ထို့နောက် MSME လုပ်ငန်းရှင်များ
အားလုံးကိုယ်စား MSME လုပ်ငန်းရှင်တစ်ဦးက နည်းပညာများ
လွှဲပြောင်းပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး MSME လုပ်ငန်းရှင်များကို
တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသော MSME ထုတ်ကုန်များကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် DRI
ရှိ Lab ခန်းများကို ကြည့်ရှုစစ်ဆေးပြီး MSME
ဖွံ့ဖြိုးရေးသုတေသနများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို
အလေးထားဆောင်ရွက်ပေးရန်၊ ပြည်တွင်း/ ပြည်ပ သုတေသနစီမံကိန်းများ
ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment