ပုသိမ် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို
ပုသိမ်မြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “We
are the World” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“
တိုင်းဒေသကြီးအစိုးအဖွဲ့က ကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် စာကြည့်တိုက်များသို့
သွားရောက်၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနေစေရန်နှင့် စာဖတ်သည့် ဓလေ့များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်ပြုလုပ်သည့်
အခမ်းအနား ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊
ကိုယ်ပိုင် ကျောင်းများ အပါအဝင် စုစုပေါင်း ကျောင်းပေါင်း (၇၂၉၀) ရှိပြီး ယခုနှစ် ပညာသင်နှစ်တွင်
ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်း သုံးသောင်းရှစ်ထောင်ကျော် အပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊
တိုင်းဒေသကြီးတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအဖြစ် စာသင်ဝိုင်း (၁၇၇၁) ဝိုင်းတွင် စာသင်သား (၂၅၀၁၆)ဦးအား နာရီပေါင်း (၁၂၀)ကြာ အရေး၊ အဖတ်၊ အတွက်များကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊
တိုင်းဒေသကြီး အတွင်းရှိ ရှင်သန်ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၃) တိုက်ရှိပါကြောင်း၊
ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာ မြင့်မားလာအောင် လုပ်ဆောင်ကြရန်အတွက်
စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကာရေးကို လုပ်ဆောင်ကြရန်လည်း
လိုအပ်မည်ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့
ကျောင်းစာကြည့်တိုက်များလည်း ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ပေးကြရန် ဆရာ၊ ဆရာမများအား
တိုက်တွန်းပြောကြားလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက်
မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့် ပြည့်စုံသော
လူငယ် လူရွယ်များဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအမှာစကားများ
ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
ဇနီးတို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလှူငွေများနှင့် စာအုပ်စာစောင်များအား ပေးအပ်ရာ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့်
တာကိုင်းအခြေခံပညာ အလယ်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့ အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ စကားပုံဆက်/အရုပ်ဆက်ပြိုင်ပွဲ၊
အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာစောင်များ
ပြခန်းများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို
လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
==============================================================
ဧရာဝတီတိုင်းဒေသကြီး
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်
ဖွင့်ပွဲအခမ်းအနားကျင်းပ
ပုသိမ် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်
ဖွင့်ပွဲအခမ်းအနားကို
ယမန်နေ့မွန်းလွဲပိုင်းက
ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊
ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်
ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်
၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ
အခမ်းအနားကို ပုသိမ်မြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“We are the World ”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးအဖွဲ့က ကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို
ပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့်
တိုင်းဒေသကြီးအတွင်းရှိ
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုခြင်းဖြင့်
စာကြည့်တိုက်များသို့သွားရောက်၍
စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိနေစေရန်
နှင့် စာဖတ်သည့် ဓလေ့များဖြစ်ထွန်းပေါ်ပေါက်လာစေရန်ပြုလုပ်သည့်
အခမ်းအနားဖြစ်ပါကြောင်း၊
တိုင်းဒေသကြီးအတွင်းရှိ
အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊
ကိုယ်ပိုင်ကျောင်းများအပါအဝင်
စုစုပေါင်း ကျောင်းပေါင်း(၇၂၉၀)ရှိပြီး ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်း သုံးသောင်းရှစ်ထောင်ကျော်
အပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊
တိုင်းဒေသကြီးတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ်
စာသင်ဝိုင်း(၁၇၇၁)ဝိုင်းတွင် စာသင်သား
(၂၅၀၁၆)ဦးအား နာရီပေါင်း
(၁၂၀)ကြာ အရေး၊ အဖတ်၊ အတွက်များကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊
တိုင်းဒေသကြီးအတွင်းရှိ
ရှင်သန်ခိုင်မာနေသည့်
စာကြည့်တိုက် (၃၂၃)တိုက်ရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ အသိပညာမြင့်မားလာအောင်လုပ်ဆောင်ကြရန်အတွက်
စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကာရေးကို
လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ ကျောင်းစာကြည့်တိုက်များလည်း
ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ပေးကြရန် ဆရာ၊ ဆရာမများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊
တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက်များ
လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့်
ဗလငါးတန်နှင့်ပြည့်စုံသော
လူငယ်လူရွယ်များဖြစ်အောင်လည်း
ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
ဇနီးတို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလှူငွေများနှင့် စာအုပ်စာစောင်များအားပေးအပ်ရာ
ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် တာကိုင်းအခြေခံပညာအလယ်တန်းကျောင်းတို့မှ
ကျောင်းအုပ်ကြီးများက
လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
ဧည်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူလေးများ၏ စကားပုံဆက်/အရုပ်ဆက်ပြိုင်ပွဲ၊ အထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ
လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်စာစောင်များပြခန်းများတွင်
ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
09-691432762


No comments:
Post a Comment