ရန်ကုန် ဇွန် ၂၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Hanboom (Myanmar) Garment Co., Ltd. နှင့် New Forest Co., Ltd. အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ်
ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ
ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်း၍ CMP လုပ်ငန်း
စနစ်တကျရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ CMP စက်ရုံ၊
အလုပ်ရုံများတွင် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊
အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေးတည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ
အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန်
ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန်ရှိ Asia Caps Co., Ltd. အထည်ချုပ်စက်ရုံနှင့်
Yacheng Foot Wear Co., Ltd. ဖိနပ်ချုပ်စက်ရုံသို့ သွားရောက်
ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား
တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊
စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ
ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှုကို
ကြည့်ရှုပြီး ဒုတိယဝန်ကြီးက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)နှင့်
အလုပ်ရှင်တို့သည် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး
မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုလျော့နည်းကျဆင်းလာသည်နှင့်အမျှ
ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို အထောက်အကူများစွာ ဖြစ်စေနိုင်ကြောင်း
ပြောကြားသည်။
သတင်းစဉ်

No comments:
Post a Comment