ပဲခူး ဇွန် ၂၄
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ယနေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။
ဦးစွာ
အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက
“ပညာဘဏ် တိုက် စာကြည့်တိုက်သို့ သွားကြစို့”
သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့
ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာ အဖြစ် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန် အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့် တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည်စုံ ကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက်ပြုသူများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၄)မြို့နယ်တွင်
(၁၄)ကြိမ် ကျင်းပသွားမှာဖြစ်ပြီး
အခြေခံ ပညာသင်ကြားနေသည့် ကျောင်းသား/သူများတွက်
စာဖတ်အလေ့အထ ဖြစ်ပေါ်လာစေ
ရေး အစပျိုး ပေါင်းသင်ရေလောင်းပေးခြင်းပင်ဖြစ်ကြောင်း၊ ပညာတတ်သူသည် ဆင်ခြင်တုံ
တရားရှိပြီး အကောင်းအဆိုး
ခွဲခြားသိမြင်နိုင်မည်ဖြစ်ကာ ဖြစ်ပေါ်လာသည့် အကြောင်းတရား
အပေါ် ကိုယ်ပိုင်အသိဉာဏ်ဖြင့်
ဆုံးဖြတ်နိုင် မှာဖြစ်ကြောင်း၊ လူကြီး၊ လူရွယ်၊ လူငယ် အရွယ်စုံ
အားလုံး အသိပညာဗဟုသုတ
တိုးပွားလာစေဖို့ စာတတ်သူတိုင်း စာဖတ်ကြဖို့လိုအပ်မှာဖြစ်ပြီး အဆိပ်သင့်စေမည့်စာပေ၊ ဘေးဖြစ်စေမည့် စာပေမျိုးကို ရှောင်ရှားကြ ရမှာဖြစ်ကြောင်း၊ စာအုပ်
စာပေဖတ်ရှုမှုသည် မိမိတို့ဘဝကို
အကျိုးပြုနိုင်သည့်အတွက် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး
အတွက် အထောက်အကူဖြစ်စေနိုင်မည့်
စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုရန်လိုအပ်ပြီး စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွား
ရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများကလည်း
ကျောင်းစာများကို ကြိုးကြိုးစားစားလေ့လာ
သင်ယူကြရန်နှင့် ဗဟုသုတရဖို့
စာပေဖတ်ရှုလေ့လာကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့
သည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စာကြည့် တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဟောပြောဆွေးနွေးသည့် စာပေပညာရှင်များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲ
ဝင် ကျောင်းသူများက
သရုပ်ပြသတင်ဆက်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူများက
“ဇာတိမာန်”သီချင်းဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား
ဂုဏ်ပြုငွေများပေးအပ်ခဲ့ပြီး
အမှတ်(၁)အခြေခံ ပညာကျောင်းအတွင်း
ကျောင်းသား/သူများ၏ ပြိုင်ပွဲဝင်နေမှု၊
ဂိမ်းကစားခြင်း၊ အရုပ်ဆက်ခြင်း၊ စကားပုံဆက်ခြင်း၊ စက္ကူပြဇာတ်သရုပ်ပြသမှု၊ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် စာအုပ်ဈေးရောင်းပွဲတော်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)







No comments:
Post a Comment