ရန်ကုန် ဇွန် ၂၅
အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်တွင် အာမခံထားရှိသူများအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများအား ကံစမ်းမဲဖောက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုဝင်းနှင့် တာဝန်ရှိသူများ၊ အာမခံထားရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုဝင်းက
အဖွင့်အမှာစကားပြောကြားပြီး အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက
လက်ရှိဆောင်ရွက်နေသော အာမခံအမျိုးအစားများအကြောင်းနှင့် ကံစမ်းမဲဖွင့်ဖောက်သည့်စနစ်တို့ကို
ရှင်းလင်းပြောကြားသည်။
ထို့နောက်
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများကို တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍
ကံစမ်းမဲဖွင့်ဖောက်ပေးခဲ့ပြီး မဲပေါက်သည့် ကံထူးရှင်အမည်စာရင်းများကို ကြေညာခဲ့သည်။
ကံစမ်းမဲဖောက်ပေးရာတွင်
ကွန်ပျူတာဆော့ဝဲလ် နည်းပညာဖြင့် မဲဖောက်ဆောင်ရွက်ခြင်းဖြစ်ပြီး ကံစမ်းမဲချီးမြှင့်ငွေကျပ်သိန်း
၁၂၀၀ နှင့်ညီမျှသော ဆုမဲများဖြစ်သည့် လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ စက်ဘီး (ရိုးရိုး)
၊ Samsung Tablet နှင့် ဖုန်းအမျိုးအစား အမျိုးမျိုးတို့ကို မဲဖောက်ချီးမြှင့်ခြင်းဖြစ်ကာ
ကံစမ်းမဲပေါက်သည့် ကံထူးရှင်များကို ဆက်သွယ်အကြောင်းကြားဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အောင်မြင့်မိုရ်မင်း
အာမခံကုမ္ပဏီလီမိတက်အနေဖြင့်အသက် အာမခံအမျိုးအစား ၂၁ မျိုးကို
ဆောင်ရွက်ပေးလျက်ရှိပြီး အထွေထွေအာမခံလုပ်ငန်းဝန်ဆောင်မှုများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
အသေးစိတ်သိရှိလိုပါက E-mail;
aungmyintmohmin 2013 @ gmail.comနှင့်၀၉-၄၂၄၄၄၆၆၆၁၊ ၀၉-၄၂၄၄၄၆၆၆၂၊
၀၉-၄၂၄၄၄ ၆၆၆၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment