ပင်လောင်း ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့
ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ အရာရှိစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ
တက်ရောက်ချီးမြှင့်ခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းဖွင့်ပွဲတွင်
သင်တန်းကျောင်းမှ ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်က ဖွင့်ပွဲမိန့်ခွန်းပြောကြားသည်။
ထို့နောက်
သင်တန်းခန်းမ၌ တွေ့ဆုံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီးက
ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းသားများနှင့် တွေ့ဆုံအားပေး
အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ငွေကျပ်သိန်း ၅၀ ကို
ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပေးအပ်ရာ သင်တန်းသားများ၏ ကိုယ်စားခေတ္တတပ်မှူး
ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်က လက်ခံယူသည်။
ယင်းနောက်
စီးပွားရေးရာဝန်ကြီးက သင်တန်းသားများ၏ အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် ရေချိုးသည့်နေရာများကို
လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment