ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဇွန် ၂၄ ရက်က စတင်ပြီး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ
ရန်ကုန်မြို့ ဝါးတန်း ဆန်စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်များတွင်
ရောင်းချပေးမည်ဖြစ်သည်။ သက်သာဈေးဖြင့် ဆန်ရောင်းချပေးမည့်အစီအစဉ်သည် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်
ငွေကျပ် ၁၃၅၀၀၀ မှ ၁၄၅၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ မှ ၁၂၀၀၀၀၊ ဧည့်မထတစ်အိတ်လျှင်
ငွေကျပ် ၇၂၀၀၀ မှ ၇၅၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ထို့ပြင် ပေါ်ဆန်းဆန် တစ်ပြည်လျှင် ငွေကျပ် ၅၀၀၀၊ ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ်
၃၀၀၀ နှင့် ပေါ်ဆန်း ဆန်ငါးပြည် တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း
ထုတ်ပြန်ချက်အရ သိရသည်။
စားသုံးသူပြည်သူများအတွက် ရောင်းချပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်
ပေါ်ဆန်းဆန် တစ်အိတ်နှင့် ဧည့်မထဆန်တစ်အိတ်ကို အိမ်ထောင်စုစာရင်းမိတ္တူ၊ အိမ်ထောင်စုစာရင်းတွင်
ပါဝင်သူတစ်ယောက်၏ မှတ်ပုံတင်မူရင်းတို့ဖြင့် လာရောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment