Saturday, June 29, 2024

မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယအကြိမ်စာမူပြိုင်ပွဲဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ


 ရန်ကုန် ဇွန် ၂၈

မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယအကြိမ်စာမူပြိုင်ပွဲ ဆုရရှိသူများ၏အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။

ကဗျာစာမူပြိုင်ပွဲတွင် ပထမဆုကို နေခြည်မောင်(မြောင်းမြ)ရေးသားသည့် “ထာဝရကြာရှည်အလှဖြာဝေ မြန်မာ့စာပေ”၊ ဒုတိယဆုကို ဘုန်းရဲနိုင်(ဂန့်ဂေါ) ရေးသားသည့် “ဆပွားမြတ်နိုး အမျိုးစာပေ သတ္တိဆူနွေး ယဉ်ကျေးစေ”၊ တတိယဆုကို စစ်တွေ ညိုသန့်ရေးသားသည့် “အမျိုး၏ဂုဏ် ဇာတိဂုဏ် စာပေဂုဏ်ကိုမြှင့်”၊ အထူးဆု(၁)ကို ဇဂျမ်းရွာကျောင်းအိုသား ရေးသားသည့် “မြန်မာ့အလှ မြန်မာ့စာပေ”၊ အထူးဆု(၂)ကို ဟန်ညွန့်(ယဉ်ကျေးမှု)ရေးသားသည့် “မြန်မာ”၊ အထူးဆု(၃)ကို ခက်ဇော်(ကဗျာ) ရေးသားသည့် “ပြည်ထောင်စုအမွေ ထိန်းသိမ်းတတ်ပါစေ” ကဗျာတို့က လည်းကောင်း၊ ဝတ္ထုတိုစာမူပြိုင်ပွဲတွင် ပထမဆုကို စောငယ်ငယ်(မိုးညှင်း) ရေးသားသည့် “အားမာန်အပြည့် သတ္တိရှိပေတို့မေမေ”၊ ဒုတိယဆုကို ယွန်းနှင်းဆီခိုင်ရေးသားသည့် “ကြယ်ပွင့်လေးတွေ လင်းပါစေ”၊ တတိယဆုကို ဝေလွင်မြင့်မောင်ရေးသားသည့် “မီးလျှံဓားသွား ကမ်းပါးတစ္ဆေရေဆန်ခရီး”၊ အထူးဆု(၁)ကို စံဝင်းအောင်(မြန်အောင်)ရေးသားသည့် “ငြိုးမာန်ဖွဲ့လေရော့ထင့်”၊ အထူးဆု(၂)ကို နန်းဟင်း ပြင်း ရေးသားသည့် “ကံပုစ္ဆာ၏ အဖြေလွှာ”၊ အထူးဆု(၃)ကို ဇော်(မြိတ်) ရေးသားသည့် “ဆက်ထုံးရယ်တဲ့ ဖြည်မပြေ” ဝတ္ထုတိုတို့ ကလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုကို ရွှေထုံ ခင်သီတာလှိုင် ရေးသားသည့် “ပေါင်းသင်းရွေးချယ် ယဉ်ကျေးမှု နယ်ပယ်”၊ ဒုတိယဆုကို လင်းအရုဏ်ဦး(ပဲခူး)ရေးသားသည့် “အမျိုး၏ ဂုဏ်၊ ဇာတိဂုဏ်၊စာပေဂုဏ်ကိုမြှင့်”တတိယဆုကို သစ္စာဝါဒီဦးမြင့်အောင် ရေးသားသည့် “မြန်မာနှင့် မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း မြန်မာစာပေ မြန်မာယဉ်ကျေးမှုအစဉ်အလာ”၊ အထူးဆု(၁)ကို တက္ကသိုလ် နန်းဖြူဖြူထွန်း ရေးသားသည့် “ခေတ်အဆက်ဆက်စာပေတာဝန် ကျေပွန်ခဲ့ကြသူများ”၊ အထူးဆု(၂)ကို မရွှေချစ်(လယ်ကိုင်း) ရေးသားသည့် “မီးပုံပွဲ-ကျေးလက်ရနံ့နှင့် မြန်မာ့ယဉ်ကျေးမှု”၊ အထူးဆု(၃)ကို မောင်ရည်ကျော်(ရူပ)ရေးသားသည့် “အမျိုးကိုချစ်မှ အမျိုးစစ်မည်” ဆောင်းပါးစာမူတို့ ကလည်းကောင်း အသီးသီးရရှိကြသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်း ဒုတိယအကြိမ်စာမူပြိုင်ပွဲဆုရရှိသူများသည် အမှတ် ၁၇၃/ ၁၇၅၊ (၇)လွှာ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ဖုန်း ၀၁၈- ၂၅၂၄၁၇၊ ဝ၉ ၄၅ဝဝ၉ဝ၄၈၆သို့ ဆက်သွယ်ကြရန်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့်အချိန်၊ နေရာ၊ နေ့ရက်တို့ကို ထပ်မံကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment