နေပြည်တော် မေ ၃၀
သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများ အောင်မြင်စွာ တူးဖော်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ရေနံမြေဒေသအသီးသီး၏ လုပ်ငန်း တိုးတက်မှုအခြေအနေများ သုံးသပ်ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏
စွမ်းအင် ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို စီမံဆောင်ရွက်လျက်ရှိရာ သက်တမ်းရင့်ရေနံမြေများတွင်
ပေနက် တွင်းများတူးဖော်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရယူရခြင်းသည် အစိတ်အပိုင်း
တစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ ရေနံထုတ်လုပ်မှုသမိုင်းကြောင်းတွင် မြေအောက်၌ နက်ရှိုင်းစွာတည်ရှိနေသည့်
အလားအလာကောင်းသော ဟိုက်ဒရိုကာဗွန်ပါဝင်သည့် သဲကြောများသို့ ရောက်ရှိသည်အထိ အောင်မြင်စွာ
တူးဖော်နိုင်ခြင်းမရှိသည့်အတွက် ထုတ်လုပ်နိုင်ခဲ့ခြင်းမရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြီးမြောက်အောင် တူးဖော်မည့် တွင်းသစ် နှစ်တွင်းသည် ရေနံထွက်ရှိရန်
အတည်ပြုထားပြီးဖြစ်သည့် ပေနက်သဲကြောဖြစ်၍ ရည်မှန်းချက်အနက်ထိ ရောက်ရှိအောင်တူးဖော်ပြီး
သမိုင်းမှတ်တိုင်သစ်စိုက်ထူရန် ကြိုးစားကြစေလိုကြောင်း၊ တူးဖော်မည့် တွင်းသစ်နှစ်တွင်းကို
မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်တိုင်တူးဖော်၍ MPRL E&P
Companyမှ နည်းပညာ နှင့်အတွေ့အကြုံများ မျှဝေကူညီပေးမည်ဖြစ်၍ မြန်မာနိုင်ငံသားများကိုယ်တိုင်
ကြိုးစားဆောင်ရွက် ကြမည်ဖြစ်ရာ လုပ်ငန်းအပေါ်တွင် တန်ဖိုးထားဂုဏ်ယူသည့်စိတ်များဖြင့်
ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် MPRL E&P Company နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ
ပညာရှင်များက ပေနက်တွင်းများတူးဖော်ခြင်းနှင့်စပ်လျဉ်း၍ နည်းပညာများနှင့် အတွေ့အကြုံများကို
တင်ပြ ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက တူးဖော်မည့် ပေနက်တွင်းများအတွက် ပြုလုပ်ထား
သည့် ဒီဇိုင်း၊ တွေ့ကြုံရနိုင်သည့် အခက်အခဲများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအပေါ်
အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အစီအစဉ်ဒုတိယပိုင်းအနေဖြင့် ရေနံမြေအသီးသီးမှ အထွေထွေမန်နေဂျာများက
လက်ရှိထုတ်လုပ်နေမှုနှင့် တိုးတက်ထုတ်လုပ်ရန် သုတေသနပြုအောင်မြင်မှုများကို တင်ပြခြင်း၊
နည်း ပညာအသုံးပြု၍ ဆောင်ရွက်နေမှုများကို တင်ပြခြင်း၊ လုပ်ငန်းအတွေ့အကြုံများ မျှဝေခြင်း၊
ဆောင်ရွက်သွားမည့်အစီအမံများနှင့် အခက်အခဲများ တင်ပြခြင်းများအပေါ် ပြည်ထောင်စုဝန်ကြီးက
ပေါင်းစပ်ညှိနှိုင်း မှုများပြုလုပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊
ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ MPRL E&P Company မှ တာဝန်ရှိပုဂ္ဂိုလ်များ၊
ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment