နေပြည်တော် မေ ၉
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မေ ၁၀ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် “နှုတ်ဆက်မယ့်နွေ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။
အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ရဲအောင်နှင့်အတူ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် အောင်နိုင်၊ စိုးထက်အောင်၊ စောဒယ်နီရယ်၊ ချစ်စုစံ၊ ချိုမီမီဇော်၊ ရေဂျီးနား၊ မြင့်မြတ်သူ၊ ဖူးဧကရီဆောင်းနှင့် ရွှေဘုံသံသာတို့က ကုန်ဆုံးတော့မယ့် နွေရာသီနှင့် လက်ကျန်နွေရက်များ၊ နှုတ်ဆက်တော့မည့် နွေအလှပုံရိပ်များ၊ ပြီးဆုံးတော့မည့် နွေမှတ်တမ်း/နွေ အလွမ်းပုံရိပ်များအား သီကုံးဖွဲ့ဆိုထားသည့် တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို မေ ၁၂ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment