နေပြည်တော် မေ ၁၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီရုံးသို့ သွားရောက်၍ မြို့မီးလင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက တာချီလိတ်မြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက မီးလင်းရေးနှင့်ပတ်သက်၍ ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ ငွေကောက် ကောင်တာနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ခရိုင်အတွင်းရှိ ၁၁၅/၆၆/၂၂ ကေဗွီ
၄၀ အမ်ဗွီအေဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားထိန်းချုပ်ခန်းအတွင်းမှ
တာချီလိတ်ခရိုင်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊
ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအခြေအနေတို့ကို လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ နောင်တိုးတက်သုံးစွဲလာမည့်
ဝန်အားများအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန်နှင့် လိုအပ်သည်များမှာကြားကာ ဆွိယာဒ်
(Switch Yard) အတွင်း ဓာတ်အားလွှတ်ပစ္စည်းများနှင့် ဓာတ်အားလိုင်းအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment