နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ဖတ်ကြား
ရှင်းလင်းပြောကြားသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ
တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အရင်းအမြစ်များစွာရှိပြီး အခြေခံအားဖြင့်
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်များ
လိုအပ်မှာဖြစ်ပြီး မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်၊
သဘာဝဓာတ်မြေဩဇာများပြည့်ဝစွာထည့်သွင်းရန်၊ စိုက်ပျိုးရေရရှိရန်နှင့်
စိုက်နည်းစနစ်များမှန်ကန်စေရေးတို့ကို ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊
မွေးမြူရေးနှင့်ပတ်သက်၍ ပြည်နယ်အတွင်း အောင်မြင်ဖြစ်ထွန်းစေရေး၊ ပြည်နယ်အတွင်း
သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မွေးမြူရေးဇုန်များ
ဖြစ်ပေါ်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSMEs လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသနှင့်
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေနိုင်သဖြင့်
အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း
ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဘက်စုံလွမ်းခြုံနိုင် ပညာရေးစနစ် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး
အကြောင်းအမျိုးမျိုးကြောင့် တန်းစဉ်ကူးပြောင်းမှုအားနည်းမှု မဖြစ်ပေါ်စေရေး၊
ကျောင်းနေအရွယ်တိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းများ၏
ဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သာယာလှပစေရေးတို့ကို
ပေါင်းစပ်ဆောင်ရွက်ပေးကြဖို့ကိုလိုအပ်ကြောင်း၊ စိုက်ပျိုး၊
မွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
စီးပွားရေးလုပ်ငန်းများ ဆက်လက်တိုးတက်အောင် ဖော်ဆောင်ပေးကြရမည်ဖြစ်သလို တစ်ဖက်ကလည်း
ဒေသထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်း/ ပြည်ပအထိ ဖြန့်ချိနိုင်သော
နည်းပညာသုံးသည့် MSMEs လုပ်ငန်းများဖြစ်ပေါ်လာသည်အထိ အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊
မိုးကြိုကာလကို ရောက်ရှိလာနေပြီးဖြစ်၍ သဘာဝဘေးအန္တရာယ်သည် အချိန်အခါမရွေး
ကျရောက်နိုင်သည့်အတွက် ယခင်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအပေါ် အားသာချက်၊
အားနည်းချက်များရယူပြီး စနစ်တကျစီမံချက်များရေးဆွဲခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊
ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ထားရှိကြမည်ဖြစ်ကြောင်း၊
သန်းခေါင်စာရင်းကောက်ယူနိုင်ရေးနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်
အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေး
ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အတွက်
ပြည်နယ်အတွင်းမြို့နယ်များအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့်
ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျဆောင်ရွက်သွားကြရန်လည်း လိုအပ်မှာဖြစ်ပြီး
မြေပြင်တွင် စနစ်တကျစုဖွဲ့ပြီး သတ်မှတ်လုပ်ငန်းတာဝန်များကို
စနစ်တကျလုပ်ဆောင်သွားကြဖို့ကိုလည်း လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း
နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်နိုင်ရေး ဥပဒေ၊ SOP
များအတိုင်း သင်တန်းသားများခေါ်ယူနိုင်ရေး၊ သတ်မှတ်ထားသည့်
သင်တန်းသားဦးရေအလိုက် သင်တန်းတက်ရောက်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်
ပတ်သက်၍ ပြည်သူများ အသိအမြင်အမှန်များ ရရှိစေရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊
ဌာနများမှလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများအား ကဏ္ဍတစ်ခုချင်းအလိုက်
လုပ်ငန်းအခက်အခဲများ၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအပေါ်
ပြန်လည်သုံးသပ်၍ အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့်
ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဖြေရှင်းဆောင်ရွက်ရမည့် လိုအပ်ချက်များအား
အစီအစဉ်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက်
တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လမ်းညွှန်မှာကြားချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့်
စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များ၊ MSMEs ချေးငွေ
အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး ဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ
ကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊
အားကစားဆိုင်ရာကိစ္စရပ်များ၊ ကျောင်းအပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊
တိုင်းရင်းသား ရေးရာဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်အကြံပြု
ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရှိရသည်။
စည်သူ (ပြန်/ဆက်)





No comments:
Post a Comment