Tuesday, May 7, 2024

ကျောက်ဆည်မြို့နယ်၌ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀၀ သိမ်းဆည်းရမိ


 

နေပြည်တော် မေ ၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀၀ (ငါးတန်) ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁ ရက် ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း သံရွာအနီးတွင် ရွာငံမှ ကျောက်ဆည်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင် လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် ၎င်းတို့နှစ်ဦးမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင်မှာ သေနတ်ဒဏ်ရာတစ်ချက်ရရှိကာ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဆီဘောက်ဆာယာဉ်၏ ဆီများထည့်သည့် အကန့်နှစ်ကန့်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၅၀၀၀ (ငါးတန်) ကို သိမ်းဆည်းရမိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment